ဘားအံ ဇန်နဝါရီ ၄
၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုသည့် အခမ်းအနားကို ကိုဗစ်(ဗဟို)၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက်ပိုင်း က ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။
ရှေ့ဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ အလံတင်အဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်တင်သည်။
ယင်းနောက် နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်အလံအလေးပြုသည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ဗိုလ်ချုပ်ဆောင်ဆန်းနှင့်တကွကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြု၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ ပေးပို့သော (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်က ဖတ်ကြားသည်။
အဆိုပါ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်း များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)