ကျောက်ပန်းတောင်း ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက် တောင်ဆည်ပတ်ဝန်းကျင်ရှိ ကျေးလက် တောင်သူများ စိုက်ပျိုးရောင်းချနေသည့် ခရမ်းညိုသီးနှင့် ခရမ်းညိုသီးတောင့်များစိုက်ပျိုးရောင်းချကြရာ အထွက်နှုန်း ထွက်သလောက် ရောင်းချနေရပြီး ဈေးနှုန်းကောင်းရောင်းချရခြင်းဖြင့် ခရမ်းစိုက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း လဲဂွကျေးရွာ ခရမ်းစိုက်တောင်သူ ဒေါ်ဌေးကြည်ထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ် သည့် လက်ပံ့အိုင့်ကျေးရွာ၊ လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ ကုန်းတဲကျေးရွာ၊ မုန့်ကုန်းကျေးရွာ၊ ညောင်ချိုင်း၊ ဆပ်ပြာကျင်း၊ မကျည်းတိုင်း ၊ကိုင်းကျေးရွာများသည် လယ်ယာ၊ ကိုင်းကျွန်းဥယျာဉ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့်အတူ ရာသီအလိုက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်ကြကာခရမ်းညိုသီးနှင့် ခရမ်းညိုသီးတောင့် စိုက်ပျိုးခြင်းကိုလည်း မိသားစုဝင်ငွေဖော်ဆောင်နိုင်ရေးစိုက်ပျိုးကြ ကြောင်း သိရသည်။
ခရမ်းညိုသီးနှင့်ခရမ်းညိုသီးတောင့် စတင်ပျိုးထောင်ခြင်းများကို ရာသီအချိန်မရွေးစိုက် ပျိုး(မျိုး)ပျိုးထောင် စိုက်ပျိုးနိုင်ကြကာ မြေပေါ်တွင်ဘောင်တန်းပြစ်ပျိုးထောင်ကြကြောင်း ပျိုးထောင်ပြီး ရက်နှစ်ဆယ်ကျော်ပျိုးသက်ရလျှင် ခရမ်းစိုက်ပျိုးမည့် မြေယာအတွင်းရွေ့ ပြောင်းစိုက်ပျိုးကြပြီး ရေသွင်းဘောင်စနစ်ဖြင့်စိုက်ပျိုးရသည့် သီးနှံအမျိုးအစား ဖြစ်ကာ ရေသွင်းစိုက်ပျိုး ရကြောင်း၊ မြေယာအတွင်ရွေ့ပြောင်းစိုက်ပျိုးပြီး ရက်ပေါင်းနှစ်ဆယ်ခန့်ရှိ လျှင် အပွင့်စတင်ပွင့်ကာအသီးသီးပြီး ခူးဆွတ်ရောင်းချရကြောင်း သိရသည်။
ခရမ်းသီးစတင်သီးပြီး ဆွတ်ခူးရောင်းချချိန် သုံးရက်တစ်ပတ်ဖြင့် ခူးဆွတ်ရောင်းချရပြီး အချို့ခရမ်းစိုက်တောင်သူများက ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့သွားရောက်ရောင်း ချကြခြင်၊ စိုက်ခင်းအထိခရမ်းသီးပွဲစားများ လာရောက် ဝယ်ယူကြခြင်းများ ရှိကာ ခရမ်းညို သီးတစ်ပိသာ ၇၀၀ ကျပ်မှ ၇၅၀ကျပ်ထိရောင်းချရခြင်းကြောင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာ များ ခရမ်းညိုသီးနှင့် ခရမ်းညိုသီးတောင့်စိုက်ပျိုးကြသည့် ကျေး လက်တောင်သူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း ခရမ်းညိုသီးစိုက်တောင် သူများတွက်ခြေကိုက် နေကြကြောင်း လဲဂွကျေးရွာ ဦးတင်ထွန်းအောင်ကရှင်းပြ၍ သိရသည်။
ကိုထိန်၊ KPD