လှိုင်းဘွဲမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပ

လှိုင်းဘွဲ     ဇန်နဝါရီ 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်()နာရီအချိန်က အဆိုပါရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စန္ဒာထွေးက အဖွင့်အမှာ စကားပြောကြားပြီး ဘားအံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေးက မြို့မိ/မြို့ဖများကို ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဉက္ကဌ ဒေါ်စန္ဒာထွေး၊ ဘားအံခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေးနှင့်လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ရှီးရှီး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ရုံးဖွင့်ပွဲအထိမ်းအမှတ်အလံပေးအပ်ခြင်း၊ အလှူငွေပေးအပ်ခြင်းနှင့် ကဗျည်းမော်ကွန်း ကျောက်စာတိုင် အား အမွှေးနံ့သာပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)