အင်းစိန် ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ဖော့ကန်ဈေးနှင့် အောင်ဆန်းဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ဈေးရောင်းချသူများနှင့်ဈေးဝယ်လာသူ များကို နှာခေါင်းစည်း တပ်ဆင်စေရေး လှုပ်ရှားမှုကို ယမန်နေ့ နံနက်(၇)နာရီအချိန်က တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ ဈေး တာဝန်ခံများနှင့် တာဝန်ရှိသူများက ဖော့ကန်ဈေးနှင့်အောင်ဆန်းဈေးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်အတွက် ဈေးရောင်းချသူ များနှင့် ဈေးဝယ်လာသူများကို နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (၃၀၀၀)ကျော်ကို အခမဲ့ ဖြန့်ဝေပေးခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် စသည့်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေး ကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)