အင်းတော် ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် အင်းတော်မြို့နယ် မြို့မနည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ အောင်မင်္ဂလာ ရပ်ကွက် တောင်သူဒေါ်မြင့်ဝေ ကွင်းအမှတ် (၁၀၃၃)တွင် ရေဆင်း (၁) စပ်မျိုး နေကြာ စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အင်းတော်မြို့နယ်အနေဖြင့် ယနေ့အချိန်ထိ ဆောင်းသီနှံ သီးနှံစုံဧက လေးသောင်းခွဲကျော် စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများ အတွင်းတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများ တိုးလာ အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများဖြစ်ထွန်အောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များ၊ အထွက်တိုး မျိုးများကို စိုက်ပျိုး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် နည်းပညာအခက်အခဲများရှိပါက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို လေ့လာရန် သက်ဆိုင် ရာ နည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ တာဝန်ခံများနှင့်ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောကြားခဲ့သည်။
ခန့်ဇော်ပိုင် (ပြန်/ဆက်)