နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနသို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်း လှူဒါန်း

နတ်မောက်  ဇန်နဝါရီ  ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က မီးသတ်ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းတွင် မြို့မရပ်ကွက်မှ အလှူရှင် ဦးကျော်လွင်ဦး+ဒေါ်ထွေးထွေးမော် မိသားစုက   မီးသတ် တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် အသက်ရှုကိရိယာ        (BA-Set) စက်တစ်လုံးကို လှူဒါန်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးဌေးမော်နှင့် တပ်ဖွဲ့ဝင်များက လက်ခံ ရယူခဲ့ပြီး အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ပေးအပ်လှူဒါန်းပွဲသို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ဝင်းနှင့် ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း (နတ်မောက်)