မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask အခုရေ (၁၀၀၀) ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်

မော်လမြိုင်  ဇန်နဝါရီ   ၅

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့ကျစေရန်နှင့် ဖြစ်ပွားမှု မရှိစေရန်အတွက် ယနေ့နံနက် ၈ နာရီက မြိုင်သာယာရပ်ကွက်  စည်ပင်သာယာဈေးနှင့် လမ်းသွားလမ်း လာ ပြည်သူများ နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်သွားလာကြရန်  Mask  Campaign ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင် များက ပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

ဆောင်ရွက်ပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ဦးမှတစ်ဦးသို့ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် နေအိမ်ပြင်ပသို့ ထွက်ခွာသူတိုင်း နှာခေါင်းစည်း (Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်သွားလာကြရေး၊ မေးတွင်တပ်ဆင်ချိတ်ထားခြင်း မပြုကြရန်၊ ဈေးရောင်း၊ ဈေးဝယ်ရာ တွင်လည်း ၆ ပေအကွာမှသာ ရောင်းဝယ်မှု ပြုကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ နှိုးဆော်ကြေညာချက်များ တိကျစွာ လိုက်နာကြရန် အသိပညာ ပေးခြင်းကို Hand Speaker ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)