စစ်ကိုင်း ဇန်နဝါရီ ၅
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်ပင်းဝန်းတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံ များနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက သဖန်းသာအုပ်စု၊ မအူပင် ကျေးရွာ ကွင်း အမှတ် (၉၀၁) စိုက်ဧက(၇)ဧကတွင် တောင်သူ ဦးဝင်းမြင့်၏ ဧရာမင်းမိုးစပါး စိုက်ကွင်း အား စံကွက်ရိတ်သိမ်း ခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့ဌာနအနနဲ့ မိုးသီးနှံ၊ ဆောင်းသီးနှံစိုက်တောင်သူတွေကို သီးနှံအထွက်နှုန်းကောင်း စေဖို့အတွက် စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းသည်အထိ နည်းပညာတွေ ဖြန့်ဝေပေးပါတယ် အခုလည်းပဲ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားတဲ့ ဧရာမင်းမိုးစပါး စိုက်ကွင်းကို စံကွက် ရိတ်သိမ်းတာပါ တစ်ဧကအထွက်နှုန်း (၉၃.၇၂)တင်း ထွက်ရှိပါတယ် ပုံမှန် ထွက်နှုန်း ဖြစ်ပါတယ် အဓိကတော့ ဓာတုပစ္စည်းတွေ မလိုအပ်ပဲ မသုံးစွဲကြဖို့၊ ဓာတုဓာတ်ကြွင်း အန္တရာယ်တွေ အကြောင်း ဆွေးနွေး ပေးပါတယ် သဘာဝပိုးပြေးဆေးတွေ၊ သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းတွေကို သုံးစွဲကြဖို့ နည်းပညာတွေ ဖြန့်ဝေပေးပါတယ်" ဟု ညောင်ပင်းဝန်းတိုက်နယ် နည်းပညာပြန့်ပွားရေး စင်တာမှ တာဝန်ခံ တစ်ဦး ပြောပြ၍ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေး အခက် အခဲရှိပါက နယ်မြေအတွင်းရှိ သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။
ဇော်မြင့်နိုင်