နတ်မောက်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နတ်မောက်  ဇန်နဝါရီ  ၅

မကွေးတိုင်းဒေသကြီး၊   နတ်မောက်မြို့နယ်တွင်    ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များအား    ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က   ကွင်းဆင်းစစ်ဆေး   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒု- ညွှန်ကြားရေးမှူးဦးဝင်းကိုကို၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်း ဝဏ္ဏနှင့် မြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးထိန်းလင်းတို့မှ နတ်မောက် ရေလွှဲဆည်၊ ရေလှောင် တမံကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သင်းသင်းဝေ(နတ်မောက်)