ရွှေတောင် ဇန်နဝါရီ ၅
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ရုံးစခန်းရှိ တပ်ဖွဲ့ဝင်များ ကျန်းမာကြံ့ခိုင်ရေး၊ တပ်နေပျော်စေရေး၊ တပ်ဖွဲ့ဝင် အချင်းချင်း ကူညီရိုင်းပင်းတတ်စေရေးတို့အား ရည်ရွယ်၍ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ရေလွှာချောတိုင်၊ ချောတိုင်နှင့် ခေါင်းအုံးရိုက် ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဒေသခံပြည်သူများက လာရောက် အားပေးခဲ့ကြပြီး ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသူ များအား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဒုတိယမီးသတ်ဦးစီးမှူး များမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ သည်။
ကိုကိုမင်း(ပြန်/ဆက်)