ကျောက်တံတား ဇန်နဝါရီ ၅
မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက ကြီးမှူး၍ စာကြည့်တိုက်ပညာနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်လျက် အဆင့်မြင့် စာကြည့်တိုက်ပညာ (Online Course) (၁/၂၀၂၁) သင်တန်းကို ယနေ့ နံနက်(၁၀)နာရီတွင် အွန်လိုင်း Zoom app မှ တစ်ဆင့် စတင် ဖွင့်လှစ်သင်ကြားပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီလ(၅)ရက်နေ့မှ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက်(၁၀)နာရီမှ (၁၂)နာရီအထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် စာကြည့်တိုက် ပညာနှင့် စာကြည့်တိုက်ဆိုင်ရာ နည်းပညာ ဘာသာရပ် စုစုပေါင်း ဘာသာရပ်(၁၇)ခုကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းအစအဆုံး တက်ရောက်သူများကိုသာ (Completion Certificate of Library Education and Technology) ကို ပေးအပ်သွားမည်ကြောင်း သိရသည်။
ရွှေနန်းမေ(ပြန်/ဆက်)