ရှမ်းရွာသစ် ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ များဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူ သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သုသာန်အဝင်ဝ ကျောက်စီရေမြောင်း ခင်းခြင်းလုပ်ငန်း အပိုင်း(၃)ကို ဇန်နဝါရီလ (၁)ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၇၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ မြို့သန့်ရှင်းသာယာ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် သုသာန်အဝင်ဝကျောက်စီ ရေမြောင်း ခင်းခြင်းလုပ်ငန်း အပိုင်း(၃)ကို မြို့စည်ပင် သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက် လျက်ရှိရာ အရှည်(၆၄၀)ပေ၊ အကျယ် (၂)ပေနှင့် ထုထည်အမြင့်(၄)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၅) သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ဇင်လေး (ပြန်/ဆက်)