သန်လျင်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် နှစ်သစ်အမှတ်တရ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား လက်ဆောင် ပစ္စည်းများပေးအပ်

သန်လျင် ဇန်နဝါရီ ၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် နှစ်သစ်ကိုကြိုဆိုသောအားဖြင့် သန်လျင် မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား ဗလာမပါ (မဲစနစ်)ဖြင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံးဝင်း၌ ကျင်းပသည်။

အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပွဲတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုး တို့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် နှစ်သစ်ကိုကြိုဆိုသောအားဖြင့် လက်ဆောင်ပစ္စည်းများပေးအပ်ရခြင်းနှင့် နှစ်သစ် နုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။

ထို့နောက် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း (၁၆၆) ဦးအား အိမ်သုံးကုန်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများကို ဗလာမပါ (မဲစနစ်) ဖြင့် အမှတ်တရ လက်ဆောင်ပစ္စည်းများအား မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိ သူများက ဝန်ထမ်းတစ်ဦးချင်းစီအလိုက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)