သန်လျင် ဇန်နဝါရီ ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သန်လျင်မြို့နာရေးကူညီမှုအသင်းမှ ဦးဆောင် ၍ ရပ်ကွက်နှင့် ကျေးရွာနာရေးကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ စေတနာရှင် အလှူရှင် များ စုပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက အဟာရဒါန ထမင်းနှင့် ဟင်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် သန်လျင်မြို့ နာရေးကူညီမှုအသင်းနှင့် ရပ်ကွက်/ ကျေးရွာ နာရေးကူညီမှုအသင်းများ၊ လူမှုရေး အသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ စေနာရှင်အလှူရှင်များက ဆေးရုံကြီးအတွင်း၌ ဆေးဝါးကုသမှုခံယူနေသော လူနာများ နှင့် လူနာစောင့်များအား အဟာရဒါန နေ့လယ်စာ ထမင်း၊ ကြက်ကြော်နှင့် သီးစုံပဲဟင်းများအား လူ ၆၀၀ ဦးစာအတွက် လှူဒါန်းရာ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သန်လျင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး၌ သန်လျင်နာရေးကူညီမှုအသင်းမှ ဦးဆောင်ကာ ရပ်ကွက်နှင့် ကျေးရွာနာရေးကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ စုပေါင်းကာ အပတ်စဉ် အဟာရဒါနများ ကျွေးမွေးလှူဒါန်းလျှက်ရှိရာ ပါဝင်လှူဒါန်းလိုသော စေတနာရှင် အလှူရှင်များအနေဖြင့် ဖုန်း- ၀၉ ၅၁၆၆၈၈၇ သို့ ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)