နာဂဒေသ နန်းယွန်းမြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

နန်းယွန်း ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့နံနက် ၄ နာရီ မိနစ် ၂ဝ အချိန်က မြို့နယ်စုပေါင်းရုံးရှေ့၌ မြို့နယ် ရဲတပ်ဖွဲ့ ဦးဆောင်၍ နိုင်ငံတော်အလံအား လွှင့်ထူပေးခဲ့သည်။

ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် လွှတ်လပ်ရေးနေ့ သဝဏ်လွှာကို မြိုနယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က ဖတ်ကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲမှူး၊ ရဲမှူးစသိန်းဆွေတင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟန်ကမ်း(ပြန် /ဆက် )