ထီးချိုင့်မြို့နယ်တွင် ရေဆင်း (၁) စပ်မျိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးနေမှုအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်

ထီးချိုင့် ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊  ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်စန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က ဘက်စုံအဆင့်မြင့် စံပြကျေးရွာဖြစ်သော လေသာကျေးရွာရှိ တောင်သူ ဦးကျော်ဝင်း၏ ရေဆင်း (၁) စပ်မျိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းသို့ စိုက်စနစ် မှန်ကန်စေရေးအတွက် အနီးကပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် နှစ်စဉ်မိုးစပါးဧက  (၄၀၀၀၀)  ခန့်၊  ဆောင်းနေကြာ (၂၀၀၀၀) ကျော်၊ ဆောင်းမြေပဲဧက (၂၀၀၀၀)  ကျော်စိုက်ပျိုးသည့် မြို့နယ်တစ်ခုဖြစ်ပြီး  လိုအပ်သော မျိုးစေ့များကို စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခြံများ၊  စိုက်ကွင်းများ၊  ပုဂ္ဂလိကလုပ်ငန်းရှင်များ၊  အခြားတိုင်းနှင့် ပြည်နယ် များထံမှ ဝယ်ယူနေရပြီး ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ့သည့်အချိန်တွင် မျိုးစေ့သယ်ယူ စရိတ်နှုန်း ထားများသည်လည်း ပိုမိုကုန်ကျလျက်ရှိပါသည်။

အဆိုပါတောင်သူများ၏ မျိုးစေ့လိုအပ်ချက်ကို ဒေသအတွင်းမျိုးစေ့ထုတ်တောင်သူများ အ သင်းအဖွဲ့မှ  မျိုးစေ့ထုတ်လုပ်နိုင်ရန်၊  တောင်သူများ၏ထုတ်လုပ်မှုစရိတ်လျော့ချနိုင်ရန်  ရည်ရွယ်၍ စိုက်နည်း စနစ်မှန်ကန် ရေး၊  မျိုးစေ့ထုတ်ရာတွင်  အဆင့်အလိုက်ဆောင်ရွက်ရမည့်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်တင်စန်းမှ  မျိုးစေ့ထုတ်တောင်သူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရဲလင်းထွန်း ( ထီးချိုင့် )