မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ We Love Mingalar Taung Nyunt (G+20) အဖွဲ့ ဖွဲ့စည်းဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် သဘာဝဘေးအန္တရာယ်နှင့် အခြားအရေးပေါ် လူမှုကူညီရေးကိစ္စရပ်များတွင် မြို့နယ်အဆင့်တာဝန်ရှိသူ များ၊ ပရဟိတအသင်းဖွဲ့များ၊ ပြည်သူများ နှင့် ပူးပေါင်းကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ We Love Mingalar Taung Nyunt (G+20) အဖွဲ့ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီအချိန်က ဖွဲ့စည်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွဲ့စည်းဖြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ We Love Yangon ( Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဦးမျိုးညွန့်အေးကဒီအဖွဲ့ကို အဖွဲ့သား အယောက်(၂၀)နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ရပ်ကွက် (၂၀) ရှိတဲ့နေရာမှာ တစ်ရပ်ကွက်ကို တာဝန်ခံကိုယ်စားလှယ် ()ဦးစီ ထားရှိ ဖွဲ့စည်းတာပါ။ အဖွဲ့ကနေ အဓိက ဆောင်ရွက်သွားဖို့ ရည်ရွယ်တာတွေကတော့ ရန်သူမျိုး () ပါးဘေးပေါ့။ ရေဘေး၊ မီးဘေး၊ လေဘေး စတာ တွေရယ် နောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုတွေ ထိန်းချုပ်နိုင်ပြီးတဲ့နောက်ပိုင်း ကာလတွေမှာ ပြည်သူတွေအတွက်  အခြား အရေးပေါ် ကိစ္စရပ် တွေမှာပါ မြို့နယ်ရဲ့ဌာနဆိုင်ရာ တာဝန်ရှိ သူတွေ၊ အသင်းအဖွဲ့တွေ စတာတွေနဲ့ ပေါင်းစပ်ပြီး လိုအပ်တာတွေကို ကူညီ ဆောင်ရွက် သွားကြမှာပါ။ အခုအဖွဲ့က We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့ရဲ့ ကြီးကြပ်မှု အောက်မှာရှိတဲ့အတွက် နာယကတွေ၊ ဥက္ကဋ္ဌတွေ စတဲ့ပုဂ္ဂိုလ်တွေကလည်း ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။

We Love Mingalar Taung Nyunt ( G+20) အဖွဲ့ ဖွဲ့စည်း​ဆောင်ရွက်ရာသို့ We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့၏ နာယကဖြစ်သူ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် () တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က တက်ရောက်ခဲ့ကာ အဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)