ဗန်းမောက်၊ ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ တိုးချဲ့(၂)ထပ်ဆောင် ဆေးရုံ တည် ဆောက် ခြင်းလုပ်ငန်း (၆၅)ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများအား မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီက ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ အမှတ်(၁) /(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးဝင်းရွှေ၊ ဦးညီညီဟန်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအေးမင်းနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန (ပြည်ထောင်စု)ရန်ပုံငွေ ကျပ်သန်း (၄၄၁ ဒဿမ ၁) ဖြင့် တင်ဒါအောင်မြင်သော လွှမ်းမိုးအောင်မြင်ကုမ္ပဏီမှ တိုးချဲ့(၂)ထပ် (ခွဲစိတ်ခန်း၊ မွေးခန်း ပါ)ဆေးရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ရာ မြို့နယ်မှ တာဝန်ရှိသူများက တိုးချဲ့(၂)ထပ်ဆောင် ဆေးရုံသည် သတ်မှတ်စံချိန် စံညွှန်း နှင့်အညီ ပြည့်မီစေရေး၊ သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးနိုင်ရေး၊ လိုအပ်သည် များ ကိုလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရန် အစရှိသည်များကို မှာကြားခဲ့ ကြောင်း သိရသည်။
ဗန်းမောက်မြို့၏ တိုးချဲ့(၂)ထပ်ဆောင် ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်း အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲများနှင့် အထက် အဖွဲ့ အစည်းများ၏ ညွှန်ကြားမှု၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ် ကြီးကြပ် လမ်းညွှန်မှုကို ခံယူလျက် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး (၁၅-၂-၂၀၂၁) ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျန်းမားရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ(ဗန်းမောက်)