မုံရွာမြို့နယ်အတွင်း ဆောင်းကြက်သွန်နီ ဧက(၇၀၀၀)ကျော် စိုက်ပျိုးပြီးစီး

မုံရွာ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီး နှံစိုက်ပျိုး ရာသီတွင် ဆောင်းကြက်သွန်နီ ဧက(၇၀၀၀)ကျော်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း  မုံရွာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဒေါ်အမာကြည် ထံမှ သိရသည်။

“အခုနောက်ပိုင်းမှာတော့ နိုင်ငံခြားဈေးကွက် အခိုင်အမာရရှိဖို့မျှော်မှန်းပြီး စိုက်ပျိုးရေး ဆိုင်ရာ အလေ့ အကျင့်ကောင်းများ(GAP)စနစ်နဲ့လည်း ဧက(၃၀၀)ကျော်လောက် စိုက်ပျိုး ထားတယ်၊ မြို့နယ်အတွင်းမှာတော့ ကြက်သွန်နီသီးနှံက နှစ်စဉ်စိုက်ဧကတိုးလာတယ်၊ ကြက်သွန်နီ စိုက်ပျိုးရေးက မုံရွာမြို့နယ်အတွင်းမှာတော့ ကျေးရွာအတော်များများမှာ မိရိုးဖလာ စိုက်နည်း နဲ့ဘဲ စိုက်ကြတာများပါတယ်၊ (GAP)စနစ်နဲ့စိုက်တဲ့ စိုက်ခင်းတွေ ကိုလည်းစိုက်နည်း စနစ် မှန်ကန်ဖို့၊ အခြားတောင်သူတွေလည်းလာပြီး လေ့လာလို့ရအောင် မှတ်တမ်းပြုစု တာတွေလည်း လုပ်ထားပြီးတော့ အရည်အသွေးကောင်းတဲ့ သီးနှံတွေဖြစ်အောင်လည်း ဝန်ထမ်းတွေက စိုက်ခင်း တွေထဲအရောက်သွားပြီး အသိပညာပေးတာတွေကိုလည်း လုပ်ဆောင်ပေးနေတယ် ” ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က ပြောသည်။

ဆောင်းကြက်သွန်နီစိုက်ပျိုးရေးကို မုံရွာမြို့နယ်အတွင်း မိရိုးဖလာနည်းနှင့် စိုက်ပျိုး ရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ (GAP) စနစ်တို့ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ် ကြောင်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP)စနစ်ကို အသုံးပြုစိုက်ပျိုးရေး နိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ခင်းထဲ အရောက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 ဝင်းဦး(ဇေယျာတိုင်း)