ရွှေဘိုမြို့နယ်တွင် မြစိမ်းရောင်အတိုးရငွေများဖြင့် မီးလင်းရေးလုပ်ငန်း၊ ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

ရွှေဘို ၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုနယ်တွင်  မြစိမ်းရောင်အတိုးရငွေများဖြင့် ကြောင်ပန်း ကန် ကျေးရွာတွင် မီးလင်းရေးလုပ်ငန်းနှင့် တည်ပင်ကျေးရွာတွင် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ သိရသည်။

ကြောင်ပန်းကန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၃၁၇)သိန်းထဲမှ (၅၀) ရာခိုင်နှုန်း ဖြစ်သော ကျပ်သိန်း(၁၅၀)နှင့် ပြည်သူထည့်ဝင်ငွေများ စုပေါင်း၍ ကျေးရွာ မီးလင်းရေး လုပ်ငန်းဖြစ်သော ကျေးရွာအတွင်း လျှပ်စစ်ဓါတ်အားလိုင်းသွယ်တန်းခြင်း (၃၅၀၀)ပေ ကိုဆောက် ရွက်လျက်ရှိသည်။ ထို့ပြင် တည်ပင်ကျေး၌ မြစိမ်းရောင် စီမံကိန်း လုပ်ငန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး မြစိမ်းရောင် စီမံကိန်း အတိုးရငွေ (၃၈၁)သိန်းထဲမှ ကျပ်သိန်း(၁၁၆)နှင့် ပြည်သူ့ထည်ဝင်ငွေများ စုပေါင်း၍ ကျေးရွာအတွင်း ရွာလယ်လမ်းမကြီးကို  (အလျား ၃၀၀၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၆လက်မ)ရှိ ကွန်ကရစ်လမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ ထံမှသိရသည် ။

ရွှေဘိုမြို့တွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ခဲ့ရာ ၂၀၁၉-၂၀ ၂၀ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်ယူနစ်(၂၉)ယူနှစ်ဖြင့် ကျေးရွာ‌(၃၀)ရွာ၌  အောင်မြင် အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)