ထီးချိုင့်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ CBFQ ဝင်နေသူများအား နေ့လယ်စာနှင့် ကြက်တကောင်ကျေးရွာ အောင်စည်သံဟိန်း တံတားအတွက် အလှူငွေသွားရောက်လှူဒါန်း

ထီးချိုင့် ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် မြို့နယ် ကြက်ခြေနီ အသင်းမှ CBFQ ဝင်နေသူများအား နေ့လယ်စာနှင့် ကြက်တကောင်ကျေးရွာ အောင်စည်သံဟိန်း တံတား အတွက်  အလှူငွေများ သွားရောက်လှူဒါန်းခြင်းကို    ယမန့်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ( ၄ ) ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန့်၊  ဒုဥက္ကဋ္ဌဦးဝင်းရွှေနှင့်  မြို့နယ်တပ်ဖွဲ့မှူးနေ လင်းတို့မှ ဦးဆောင်၍ CBFQ ဝင်နေသူ (၃၀) ဦး၊  ဂိတ်စောင့် (၅) ဦး၊ ကုတင် (၅၀) ဆေးရုံမှ  တာဝန်ကျဆရာမ (၃) ဦးနှင့် ပိုးတွေ့လူနာ (၁) ဦးတို့အား နေ့လယ် စာများကို သွားရောက် ပေးအပ်ခဲ့ပါသည်။

ထို့နောက်  ကြက်တကောင်ကျေးရွာဆရာတော်အား  သွားရောက်ဖူးမျော်ပြီး    ကြက်တကောင်-အင်ဒေါင်းတံတား ( အောင်စည်သံဟိန်း) အတွက် မြို့နယ်ကြက်ခြေနီအသင်းမှ အလှူတော် ငွေ (၅၀၀၀၀) ကျပ်အား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)