ကောလင်း ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ကောလင်းမြို့နယ်ကျေးလက်ဒသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု"ဖျာ၊တောင်းယက်လုပ်ခြင်း"သင်တန်းအား ယွန်းအိုး ကျေးရွာအုပ်စု ယွန်းအိုးကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှကျန်းမာရေးကြီးကြပ် ဦးအောင်နိုင်က ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။
သင်တန်းတွင် သင်တန်းသားဦးရေ ၂၀ ဦးအား သင်တန်းကာလ ၁၅ ရက်ကြာ သင်ကြား ပို့ချမည်ဖြစ်ပြီး တစ်ပိုင်တစ်နိုင်ဆောင်ရွက်ခြင်းမှသည် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နိုင် ကာ မိသားစုများ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကောလင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)