ထီးလင်း ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိကျေးရွာပေါင်း (၉၄) ရွာအနက် ကျေးရွာ (၂၈) ရွာ၌ မဟာ ဓာတ်အားလိုင်းမှ လျှပ်စစ်မီး အသုံးပြုရရှိနေပြီ ဖြစ်ကြောင်း သိရ သည်။
ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်၌ (66/11) KV (5 MVA) ဓာတ်အားခွဲရုံဖြင့် လည်းကောင်း၊ ဂန့်ဂေါခရိုင် ကျောမြို့ရှိ (66/11) KV (2 MVA) ဓာတ်အားခွဲရုံဖြင့် လည်းကောင်း၊ မြစ်သာရေအား စက်ရုံမှ (11/KV) ဖြင့် လည်းကောင်း လျှပ်စစ် ဓာတ်အားလိုင်းများ သွယ်တန်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၁၆) ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၉)ရွာ၊ NEP Phase-1 ဖြင့် ကျေးရွာ(၃)၊ စုစုပေါင်း ကျေးရွာ (၂၈)ရွာတွင် လျှပ်စစ်မီး အသုံးပြု ရရှိနေပြီဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးရွာ (၂၀) ရွာနှင့် NEP Phase-2 ဖြင့် ကျေးရွာ(၁၇)ရွာ တွင် ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
အောင်စည်(ပြန်/ဆက်)