မြောင် ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကင်းစံပြကျေးရွာတွင် ဒေသထွက်ကုန် မုန့်တစ်မျိုး ဖြစ်သည့် မုန့်လေပွေ လုပ်ငန်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မုန့်လေပွေပြုလုပ်ရာတွင် ပထမဦးဆုံး ဆန်ကိုကြိတ်ရပြီးရရှိလာသော ကြိတ်ရည်ကို မီးဖိုပေါ်ကအိုးထဲ တွင် ရေကိုဆူပွတ်အောင်ထားရှိပြီး ထွက်ရှိလာသည့် ရေနွေးငွေ့ဖြင့် မုန့်အခုပုံကို ပုံဖော်ရခြင်းဖြစ်ပြီး ပုံဖော်ပြီးသားမုန့်များကို (၂) နာရီကြာအောင် နေလှန်းအခြောက်ခံရခြင်းဖြစ်ကြောင်း ခြောက်ပြီးသား မုန့်ချပ်များကို မီးဖိုပေါ်တွင်တွင် ဒယ်အိုးဖြင့် သဲပူထိုးပြီး ပြုလုပ်ရခြင်းဖြစ်ကြောင်း မုန့်လေပွေ လုပ်ကိုင် သူတစ်ဦးမှ ပြောပြ၍ သိရသည်။
မုန့်လေပွေ ပြုလုပ်ပြီးသား မုန့်များကို အနီးအနားရှိကျေးရွာများသို့ ရောင်းချရပြီး ကင်းစံပြကျေးရွာ တွင် မုန့်လေပွေပြုလုပ်သူဦးရေ (၂၀) ဦး ခန့်ရှိကြောင်း သိရသည်။
နွေရည်ကို(မြောင်)