ရေးမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုး ပေးခြင်း ဆောင်ရွက်

ရေး   ဇန်နဝါရီ   ၅

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ " ခွေးရူးရောဂါ ကင်းစင်ကမ္ဘာတစ်ခွင် ၂၀၃၀ တွင် " အစီအစဉ်ဖြင့် ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အိမ်မွေးခွေးများကို မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးနှင့် ဘုန်းတော်ကြီးကျောင်းများတွင် အခမဲ့ စတင်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာသန်းထွဋ် အောင်နှင့် ဝန်ထမ်းများက မြို့နယ်ရုံးနှင့် ထန်းခြောက်ပင် ကျောင်း တိုက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး ယခုကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းကို ၂၀၃၀ ခုနှစ်တွင် ခွေးရူးရောဂါကင်းစင်အောင် အခုကတည်းက စီမံချက်အရ ထိုးနှံပေးခြင်းဖြစ်ပြီး ရေးမြို့နယ်အတွက် ကာကွယ်ဆေးကို အကောင်(၁၀၀)စာ ရရှိထားပြီး ၂၀၁၈-၂၀၃၀ အတွင်း မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကင်းစင်ရေး၊ ရောဂါကာကွယ်ပပျောက်ရေးစီမံချက်၊ရည်ရွယ်ချက် အောင်မြင်စေရန်အတွက် ပြည်သူများက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)