မြင်းမူ ဇန်နဝါရီ ၅
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဆပ္ပျာကျင်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့က ဇန်နဝါလ (၄) ရက်နေ့က ထောက်ပံ့ငွေများ သွာရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မီးဘေးသင့်ပြည်သူ (၄) ဦးအတွက် ဆန်ရိက္ခာဘိုး ငွေကျပ် (၈၄၀၀)၊ အိမ်ဆောက် ပစ္စည်းဝယ်ယူရန်အတွက် ငွေကျပ်(၁)သိန်း၊ မီးလောင်သေဆုံးခဲ့သည့် ကလေးငယ် (၂) ဦးအတွက် တစ်ဦးလျှင် (၃) သိန်းစီကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက မီးဘေးသင့် အိမ်ထောင်စုအား ငွေကျပ် (၅) သောင်း၊ နွားစာတဲတစ်လုံး အတွက် ငွေကျပ် (၅) သောင်းနှင့် သေဆုံးသူကလေးငယ် (၂) ဦးအတွက် ငွေကျပ် (၂) သိန်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်ပိုင်ရှင် ဦးခင်မောင်ထူးအား လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်ပွားခြင်းမှာ ဇန်နဝါရီလ (၃) ရက် နေ့လည်ပိုင်းက ဦးချစ်ဝင်းပိုင် နွားစာ တဲ အတွင်း အသက် (၅) နှစ်အရွယ်ရှိ ညီအကိုဝင်းကွဲ တော်စပ်သူ ကလေးငယ် (၂) ဦးမှာ နွားစာတဲ အတွင်း မီးဖြင့်ဆော့ကစားရာမှ နွားစာတဲ မီးလောင်ခဲ့ကာ ပိုင်ရှင်ဦးခင်မောင်ထူးအိမ်သို့ ကူးစက် ခဲ့ခြင်းဖြစ်ကြောင်းနှင့် မီးဆော့ကစားသူကလးငယ် (၂) ဦးမှာ မီးလောင် သေဆုံးခဲ့ ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)