ခင်ဦးမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးမြေခွန်နှင့် မိုးရေခွန် အစောဆုံးပြီးစီးအောင် ဆောင်ရွက်သူ မြေစာရင်းဝန်ထမ်း များအား ဆုချီးမြှင့်

ခင်ဦး  ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် လယ်ယာစာရင်းအင်းဦးစီးဌာနတွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးမြေခွန်နှင့် မိုးရေခွန်အစောဆုံး ပြီးစီးအောင်‌ ဆောင်ရွက်သူမြေစာရင်း ဝန်ထမ်း များအား ယနေ့ နံနက် ၁၁ နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်လယ်ယာစာရင်းအင်းဦးစီးမှူး ဦးအောင်လင်းက ဆုချီးမြှင့်ပွဲ ကျင်းပရခြင်းကို ရှင်းလင်း ပြောကြားပြီး မိုးမြေခွန် အစောဆုံးပြီးစီးအောင် ကြီးကြပ်နိုင်သူ လက်ထောက်ဦးစီးမှူး တစ်ဦး၊ မိုးမြေခွန်နှင့် မိုးရေခွန်အစောဆုံး ပြီးစီးအောင် အပ်နှံသူ မြေတိုင်း(၄) သုံးဦး၊ မိုးမြေခွန် အစောဆုံး ပြီးစီးအောင် အပ်နှံသူ မြေတိုင်း(၄) ‌ခြောက်ဦးတို့ကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။

ခင်ဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးမြေခွန်နှင့် မိုးရေခွန် တို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ကုန်တွင် အပြီး ဆောင်ရွက် ရမည် ဖြစ်ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)