ကျောက်တံခါး ဇန်နဝါရီ ၆
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၅)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း တို့အား ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ ရပ်ကွက်/ကျေးရွာ အုပ်စုများ တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးရာတွင် (၅)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်အလေးချိန် တိုင်းတာခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းတို့ကို ကျန်းမာရေး ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးရာတွင် ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ (ဘီ) ဦးနှောက် အမြှေး ရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယို ကာကွယ်ဆေးသောက်ဆေးနှင့် ထိုးဆေးများပါဝင်ပြီး ကိုယ်ဝန် ဆောင် မိခင်များအား မေးခိုင် ကာကွယ်ဆေး ထိုးနှံပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)