လက်ပံတန်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများအား သက်ဆိုင်ရာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ TPIC များ၊ သက်ဆိုင်ရာကျေးရွာ ကော်မတီများနှင့် ချပြရှင်းလင်းခြင်းကို ယမန်နေ့ နံနက်က အဆိုပါရုံးအစည်းအဝေးခန်း၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက အဖွင့်အမှာစကားပြောကြား၍ ခရိုင်ဦးစီးမှူး ဦးသန်းလွင်က လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးသက်စိုးက ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ရေပေးရေး ကျေးရွာ(၅)ရွာ၊ ကျေးလက် ကုန်ထုတ်လမ်းတံတား(၂)ခု၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက် ကုန်ထုတ် လမ်းတံတား(၂)ခုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းများ၏ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် မိတ်ဆက်ပေးပြီး လုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာပြည်သူများမှ မိမိတို့ ဒေသတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လိုအပ်သည်များကို မေးမြန်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်၊၊
ဝင့်နန္ဒာဌေး