ညောင်လေးပင်မြို့နယ်၌ မွေးစမှ (၁)နှစ်ခွဲ အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးပေး

ညောင်လေးပင် ဇန်နဝါရီ  ၆

ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်၌ ကလေးများကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်း များကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ ရပ်ကွက်များနှင့် ကျေးရွာများရှိ ကျန်းမာရေးဌာန/ဌာနခွဲများ၌ ဆေးထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မွေးစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများဖြစ် သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက် ရောင် စသည့် ပုံမှန်ကာကွယ်ဆေးများကို အသက်အုပ်စု အလိုက်ခွဲခြားပြီး ကလေးငယ်များအား ဆေးထိုးနှံတိုက်ကျွေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များကိုလည်း မေးခိုင်၊ ဆုံဆို့နာ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သက်လွင် (ညောင်လေးပင်)