ကော့ကရိတ်မြို့၌ ဘဏ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်နာရမည့် အချက်များဆွေးနွေး

ကော့ကရိတ် ဇန်နဝါရီ  ၅

            ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌  ဘဏ်များတွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို  စစ်ဆေးအကြံပြုတင်ပြနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၅ ရက်နေ့ နံနက်(၁၀)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

            အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်ထိုက်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု တို့က ကော့ကရိတ်ခရိုင်အတွင်းရှိ ဘဏ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ဘဏ်လုပ်ငန်းများမှတဆင့် ရောဂါကူးစက်မှုမရှိစေရေးအတွက်  ဘဏ်လုပ်ငန်းရှင်များ၊ ဘဏ်အကြီးအကဲအုပ်ချုပ်သူများနှင့် ဘဏ်ဝန်ထမ်းများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး  ဘဏ်လုပ်ငန်းများမှတစ်ဆင့် ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက်  ဆောင်ရွက်ရမည့်လုပ်ငန်းများအတိုင်း စစ်ဆေးကြပ်မတ်သွားကြရန်နှင့် ညွန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြရန်ရန်  ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

            အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ မြို့နယ်အတွင်းရှိ ဘဏ်လုပ်ငန်းတာဝန်ခံသူများ နှင့် အသေးစားချေးငွေလုပ်ငန်းမှ တာဝန်ခံများ စုစုပေါင်း(၂၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)