လဟယ်မြို့တွင် အသက်(၂)လမှ (၁)နှစ်နှင့်(၆)လအထိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်

လဟယ် ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက် (၂)လမှ(၁)နှစ်နှင့်(၆)လအထိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လဟယ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးရာတွင် လဟယ်မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်မှ ကလေးသူငယ်(၄၉) ဦး၊ ကိုယ်ဝန်ဆောင် မိခင်(၂၁)ဦးတို့အား ပုံမှန် ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း သိရသည်။

ပါမင်းလှိုင် (ပြန်/ဆက်)