ခန္တီးခရိုင်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် နိုင်ငံပိုင် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းအဆိုပြုချက်များအား ဆွေးနွေး အတည်ပြုခြင်း အခမ်းအနားပြုလုပ်

ခန္တီး ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်း  ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအဆိုပြုချက်များအား ဆွေးနွေးအတည်ပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက အဖွင့်အမှာစကား ပြောကြားပြီး  ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဦးက စီမံကိန်း အဆိုပြုချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးကာ တိုင်းဒေကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းနှင့် ဌာနဆိုင်ရာ တစ်ချို့ကလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်  ခန္တီးခရိုင်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ကျပ် ၄၁၅၉၀ ဒသမ ၅၆၆ သန်းဖြင့် လုပ်ငန်း (၄၁၉)ခုကိုလည်းကောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၅၆၈၃၀ ဒသမ ၃၀၁ သန်းဖြင့် လုပ်ငန်း (၃၀၀)ကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၏ ဆွေးနွေးတင်ပြချက်အရ သိရသည်။

အမ်းအင်းလမ်း