ကြည့်မြင်တိုင် ဇန်နဝါရီ ၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြင့် ဆောင်ရွက် လျက်ရှိရာတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်းစျေးတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် ပြုပြင် ပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု (Mask& Face Shield Campaign)ကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းအဖြစ် ဈေးအတွင်းရောင်းသူ ဝယ်သူနှင့် လမ်းများတွင် သွာလာကျသူများ အား (mask & face shield) များ၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လိုက်နာရမည့်ရောဂါ ကာကွယ်ရေးဆိုင်ရာအချက်များ နိုးဆော်အသိပေးခြင်းများ ဆောင်ရွက် ခဲ့သည်။ အဆိုပါဆောင်ရွက်မှု တွင် မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ပရဟိတလူမှု ရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ mask and face shield များ၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လိုက်နာရမည့် ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါတွင် COVID-19 ရောဂါ ကာကွယ်ရေးဆက်လက်ဆောင်ရွက်အသိပေးရန် လိုအပ်ပါသဖြင့် အဆိုပါလုပ်ငန်းစဉ်အား ရက်အပိုင်းအခြား အလိုက် ဆောင်ရွက်ခဲ့ပြီး ထပ်မံ၍ တိုးမြှင့်ကာ မြို့နယ် အတွင်းအများသူငါသွားလာရာနေရာများ၊ ဈေးများ၊ ရပ်ကွက်လမ်းဆုံနေရာများ၊ အနောက်ဘက် ခြမ်းရှိ ဈေးနှင့်ရပ်ကွက်များတွင် ရက်အပိုင်းအခြားအလိုက် ထပ်မံ၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ခိုင်ဇာလင်း (ပြန်/ဆက်)