လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်

​ရန်ကုန် ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိသူများနှင့် Volunteer များအား ဂုဏ်ပြုသည့် အခမ်းအနားကျင်းပရန် လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များက ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန​ရုံး အစည်းအ​ဝေး ခန်းမတွင် ညှိနှိုင်း​ဆွေး​နွေးခဲ့ကြသည်။                                   

အဆိုပါအစည်းအဝေးတွင် လှို​​င်မြို့နယ်အတွင်း၌ ရောဂါပိုးတွေ့လူနာများနှင့် ထိစပ်သူများ၊ ဖျားနာသူ များနှင့် အနံ့မရသူများအား ထားရှိရန် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine Centre များ၌ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသော Volunteer များနှင့် ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိကြသော ကြက်ခြေနီအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ လူဝင်မှု ကြီးကြပ်ရေး ကော်မတီ၊ ပညာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့အား ချီးကျုးဂုဏ်ပြုသည့် အ​နေဖြင့် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်(၉)နာရီမှ (၁၁)နာရီအထိ အခမ်းအနားဖြင့် ဂုဏ်ပြုလွှာနှင့်ဂုဏ်ပြုလက်​​ဆောင်များအား ချီးမြှင့်ပေးအပ်ရန် ဝိုင်းဝန်း​ဆွေး​နွေး အတည်ပြုခဲ့ကြ​ကြောင်း သတင်းရရှိသည်။

ကြည်ဇေသော်(ပြန်/ဆက်)