မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်(၄၆)ဦးထပ်တိုးတွေ့ရှိ အတည်ပြု လူနာပေါင်း(၂၆၈၇)ဦးထိ ရှိလာ

မကွေး ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၅ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ(၄၆)ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး တိုင်းဒေသကြီး အတွင်းမှာ အတည်ပြုလူနာပေါင်း(၂၆၈၇)ဦးထိ ရှိလာကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေရှိသလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေက တိုင်းဒေသကြီးအတွင်းမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး လူနာတွေ ကနေ တစ်ဆင့် ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းက(၄၄)ဦးထိ ရှိလာပါတယ်၊ ကူးစက်ခံ ရသူတွေကို မကွေးတိုင်း ဆေးရုံကြီးနဲ့ မကွေးသင်ကြားရေး ဆေးရုံကြီးတို့မှာ ဆေးဝါးကုသမှု ခံယူနေပြီး လတ်ရှိမှာ ဆိုးရွားတဲ့ ရောဂါ ခံစားရတဲ့ အခြေအနေတော့ မရှိပါဘူး၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာ တွေက NHL ၊ RDT နဲ့ Gene Xpert စစ်ဆေးမှုအရ စုစုပေါင်း  ပိုးတွေ့အတည်ပြုလူနာ(၄၆)ဦး ထပ်တိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီနေ့တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြု လူနာတွေက စလင်းက(၁၉)ဦး၊မကွေးက(၁၂)ဦး၊ မင်းဘူး က(၅)ဦး၊ ပခုက္ကူနဲ့ မြိုင်က(၂)ဦးစီနဲ့ မင်းဘူး၊ မင်းတုန်း၊ ရေနံချောင်း၊ အောင်လံ၊ တောင်တွင်းကြီးနဲ့ နတ်မောက် က(၁)ဦးစီတို့ ဖြစ်ပါတယ်၊ ပိုးတွေ့ လူနာတွေထဲက စလင်း က(၁၈)ဦး၊မကွေးက(၅)ဦးတို့က ပိုးတွေ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေပါ၊ မင်းဘူး(၁)ဦး က ဖျားခြင်း၊ချောင်းဆိုးခြင်းလက္ခဏာပြလူနာ ဖြစ်ပြီးတော့ မကွေးက(၂)ဦးနဲ့ တောင်တွင်းကြီး(၁)ဦး တို့က  အနံ့ပျောက်လက္ခဏာပြလူနာတွေ ဖြစ်ပါတယ်၊ နောက်ထပ် မကွေးက(၁)ဦးနဲ့ မြိုင်(၁)ဦးက ယာဉ်မောင်းတွေပါ၊  ကျန်တဲ့သူတွေက(Quarantine Centre )တွေက ဖြစ်ပါတယ်၊ ဒီနေ့မှာ သေဆုံး လူနာ(၁)ဦး ရှိခဲ့တာပါ၊ လူနာက အသက်(၄၅)နှစ်အရွယ် အမျိုးသမီး မြို့သစ်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ဆီးချိုရောဂါ၊ ရုတ်တရတ် ဦးနှောက်သွေး ကြောပြတ်ရောဂါနဲ့ သတိလစ်ပြီး ဆေးရုံကို ရောက်ရှိလာတာ ဖြစ်ပါတယ်၊ အဲဒီလူနာကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတာပါ၊ ဆေးရုံရောက်ရှိပြီး အရေးပေါ် အသက်ကယ်ကုသမှုတွေ ဆောင်ရွက်နေစဉ်မှာ ဆီးချိုရောဂါ၊ ဦးနှောက်သွေးကြောပြတ် ရောဂါတို့နဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်၊ ဒီနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာပေါင်း (၂၆၈၇)ဦးရှိပြီး သေဆုံးသူက(၈)ဦးရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြု ပြောကြားခဲ့သည်။

 သန်းနိုင်ဦး(ငဖဲ)