ကြို့ပင်ကောက်မြို့နယ် အုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ကြို့ပင်ကောက် ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မြို့နယ်အုပ်ချုပ်ရေးမှူး သည် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသက်သာပြီဖြစ်၍ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ကုသရေးဌာန တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းမှစ၍ ဖျားခြင်း၊ အနံ့အရသာမရခြင်း စသောလက္ခဏာများ ဖြစ်ပေါ် လာ၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုတွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ စောင့်ကြည့်ကုသရေးစင်တာ တိုင်းရင်းဆေးရုံသို့ တက်ရောက်၍ ဆေးဝါးကုသမှုများခံယူပြီး ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ပြန်လည်ကျန်းမာလာပြီဖြစ်သောကြောင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း ဆက်လက်ပြီး နေအိမ်တွင် Home Quarantine (၇)ရက်ဆက်လက် နေထိုင် သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောသည်။

ကြို့ပင်ကောက်မြို့နယ် တိုင်းရင်းဆေးရုံ ကိုဗစ်-၁၉ စောင့်ကြည့်ကုသရေးစင်တာတွင် အမျိုးသမီးနှစ်ဦးသာ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)