လှိုင်းဘွဲ ဇန်နဝါရီ(၆)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
လှူဒါန်းမှုအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ရာတွင် လျင်မြန် လွယ်ကူစေရန်နှင့်ထိရောက်စေရန် လိုအပ်နေသော ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းပေးရန်နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ် ဆရာဝန်ကြီး ဒေါက်တာခင်မျိုး မိသားစုမှအလှူငွေ(၅)သိန်းနှင့်(က)ရပ်ကွက်၊အာဇာနည်လမ်း ဒေါ်နန်းမြင့်သီခိုင် မိသားစုမှ အလှူငွေ(၃)သိန်းတို့ကို မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)