လှိုင်းဘွဲ - ဇန်နဝါရီ (၆)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သရာဖာဒိုဆေးရုံတွင် ကိုဗစ်-၁၉ ကာလအတွင်း ဆေးရုံးပိတ်ထား လျက်ရှိရာ ဆေးရုံရှိ သင်တန်းသား/သူများအနေဖြင့် အထွေထွေဗဟုသုတရရှိစေရန်နှင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအား သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ သင်တန်းကို ယမန်နေ့က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းရန်နောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်၊ မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်း ဉက္ကဌ ဦးဌေးဝင်းနှင့် အဖွဲ့ဝင် ဦးလင်းခိုင်တို့က မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို အသေးစိတ် ပို့ချပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)