ဆင်ပေါင်ဝဲ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဒေသခံပြည်သူများ မီးဘေး အန္တရာယ် ကင်းရှင်းစေရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများမှ ယမန်နေ့နံနက် ၈ နာရီက မီးဘေးအန္တရာယ် ကင်းရှင်းစေရေး လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆေးမှုတွင် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များ မီးသုံးစွဲမှုအခြေအနေ၊ မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး ရေ၊ သဲ၊ မီးချိတ်၊ မီးကပ်၊ လှေကားများ ညွှန်ကြားချက်နှင့် အညီထားရှိခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းမှု စနစ်တကျရှိရေး၊ မီးသတ်ဆေးဗူးများ စနစ်တကျ သုံးစွဲတတ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနည်းလမ်းများ၊ မီးဘေးအန္တရာယ် ဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ် ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိဖြူဖြူမောင် (ပြန်/ဆက်)