မြို့သစ် ဇန်နဝါရီ ၆
ကိုဗစ်–၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့မှ ပြည်သူများ နေအိမ်အပြင်သို့ သွားလာ ရာတွင် Mask စနစ်တကျ တပ်ဆင်ခြင်း ရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန်က စည်ပင်သာယာဈေး၊ ယာယီဈေးနှင့် အခွန်လွတ်စျေးတို့၌ ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါ Mask Campaign အသိပညာပေးလုပ်ငန်းတွင် မြို့သစ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဆန်းဝင်းနှင့်ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများမှ အဖွဲ့များခွဲ၍ နေအိမ်ပြင် ပသို့ စျေးရောင်းစျေးဝယ်သူများ၊ အပြင်သို့ အကြောင်းအမျိုးမျိုးကြောင့် သွားလာသူများ mask တပ် ဆင်လာခြင်းမရှိသူများ mask စနစ်တကျ တပ်စေခြင်း ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော ကိုဗစ် - ၁၉ စည်းကမ်းချက်များကို လိုက်နာ၍ အပြင်သို့ ထွက်ကြရန်၊ မလိုအပ်ပဲ အိမ်အပြင်သို့ မထွက်ရန်၊ မြို့သစ်မြို့နယ်တွင် ပိုးတွေ့မှုများလာသည့်အတွက် မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန် အထူးဂရုစိုက်ကြရန်၊ ခရီးသွားပြည်သူများနှင့် ဈေးသည်များကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရှိသည်။
သန်းဝင်ထွန်း ( ပြန်/ဆက်)