ကလေးဝမြို့တွင် စေတနာရှင်များ စုပေါင်း၍ အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၀ အား စားသောက်ကုန်ပစ္စည်းများ လှူဒါန်း

ကလေးဝ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ကာလ စေတနာရှင်များ စုပေါင်း၍ (၉၄၆,၅၀၀ /-) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန် ၄ မျိုးကို မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်ရှိ အခြေခံ လူတန်းစား အိမ်ထောင်စု (၁၀၀) အား ယနေ့ နံနက် ၁၀ နာရီက လက်ဝယ်အရောက် လှူဒါန်း ပေးအပ်ခဲ့သည်။

အဆိုပါ လှူဒါန်းရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်၊ ဒုမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇင်ဝိုင်းနှင့် ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အားဖြည့် ကူ ညီဆောင်ရွက်နေသည့် လူငယ်များနှင့် ပူးပေါင်း၍ အဝေးရောက် ကလေးဝမြို့သူ/မြို့သားများ၊ မြို့ ပေါ်အလှူရှင်များ စုပေါင်းလှူဒါန်းသော (၉၄၆၅၀၀ /-) ကျပ်တန်ဖိုးရှိ အခြေခံစားကုန် ဆန်၊ ကြက်ဥ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ ၄ မျိုးကို လက်ဝယ်အရောက် လှူဒါန်း၍ ကလေးဝမြို့ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းသော အောက်စီဂျင်ဗူး ၄ ဗူးအား အလှူရှင်များ ကိုယ်စား သွားရောက် လှူဒါန်းပေးအပ်ခဲ့ ကြောင်းသိရသည်။

သက်ဟန်(ကလေးဝ)