ကလေး ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ကလေးမြို့နယ်အတွင်းရှိ သီလရှင်များ အား စားနပ်ရိက္ခာများ ဖြန့်ဝေလှူဒါန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စားနပ်ရိက္ခာများ ဖြန့်ဝေလှူဒါန်းရာတွင် ကလေးမြို့နယ်အတွင်းရှိ အောင်မင်္ဂလာ ကျောင်းတိုက်၊ သီရိမင်္ဂလာကျောင်းတိုက်၊ သီတာအေးကျောင်းတိုက်၊ ဓမ္မဝေစည်ကျောင်းတိုက်၊ နန်းကလိန် ကျောင်းတိုက်၊ တောင်ဖီလာကျောင်းတိုက်၊ ရွှေမြင့်မိုရ်ကျောင်း တိုက်၊ သာသနာပြုသီလရှင် ကျောင်း တိုက်၊ အေးမေတ္တာကျောင်းတိုက်၊ ချမ်းအေးရိပ်သာကျောင်းတိုက်၊ ချမ်းမြေ့အောင်စည် ကျောင်းတိုက်၊ မြစည်တော်သာသနာ့ရိပ်သာကျောင်းတိုက်၊ ရှားဖိုသီလရှင်ကျောင်း တိုက်၊ အေးသစ္စာမြိုင်ကျောင်း တိုက်၊ မဏိဇောတကျောင်း၊ ရူပါထေရီကျောင်းအစရှိသည့် သီလရှင်ကျောင်းတိုက်တို့မှ သီလရှင် စုစုပေါင်း (၁၁၈)ပါးတို့အတွက် တစ်ပါးလျင် ဆန်(၄)ပြည်၊ ဆီတစ်ပိဿ ၊ကြက်ဉ(၁၀)လုံး၊ ကုလားပဲ တစ်ပြည်၊ ငါးပိ တစ်ထုတ်၊ မာမားခေါက်ဆွဲ (၆) ထုပ်ပါ တစ်တွဲတို့အပြင် နှာခေါင်စည်း Mask (၅၀) ခုပါ တစ်ထုပ်အား လှူဒါန်းခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သီလရှင်များအား စားနပ်ရိက္ခာများ ဖြန့်ဝေ လှူဒါန်းခြင်းသည် စတုတ္ထအကြိမ်ပေးအပ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)