မင်းဘူး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာန အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့မှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ဧရာတီမြစ်အတွင်း ရေပြင်ကူညီ ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်“ဧရာတီမြစ်အတွင်း ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေပြင်အသက်ကယ် ဆယ်ရေးလုပ်ငန်းများကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ရန်အတွက် ရှာဖွေကယ် ဆယ်ရေးသုံး ပစ္စည်းကိရိယာများနှင့်အတူ တပ်ဖွဲ့ဝင် များကို အရန်သင့်ဖွဲ့စည်းထားကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက မြို့နယ် မီးသတ်ဦးစီးဌာနသို့ အချိန်မရွေးဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း” မြို့နယ်မီးသတ် ဦးစီးမှူး ဦးစိန်ထွန်းက ပြောကြားခဲ့သည်။
မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးအပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် မြေပြင်လေ့ကျင့်ခြင်းနှင့် ရေပြင်လေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် သရုပ်ပြလေ့ကျင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)