တောင်တွင်းကြီး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်ကျေးရွာအုပ်စု၊ သပြေပင် ကျေးရွာတွင် ဇန်နဝါရီလ (၂) ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ များကို ယမန်နေ့ ညနေပိုင်းက လာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မကွေးမြို့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန် ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ မီးဘေးသင့် အိမ်ထောင်စုတစ်စု၊ နေအိမ် တစ်လုံးစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ဆန်ဖိုးထောက်ပံ့ငွေ (၁၀၅၀ဝိ/) ကျပ်၊ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၁၀၀၀၀ဝိ/) ကျပ်အား မီးဘေးသင့်ပြည်သူ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ဇန်နဝါရီ (၂) ရက်နေ့က ကလေးများ မီးဆော့ကစားရာမှတဆင့် ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုး လေးပင်အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)