မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်

မော်လမြိုင် ဇန်နဝါရီ ၆

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်း၌ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၄၀) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့နှင့် (၅) ရက်နေ့တို့တွင် မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင်၌ အသွားအလာကန့်သတ်ထားရှိသူများ၊ ကျိုက်ထိုမြို့ရှိ စစ်တောင်း ဂိတ်တွင် စစ်ဆေး ခံသူများ၊ နေအိမ်များတွင် အသွားအလာကန့်သတ် ထားသူများ၊ အထွေ ထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနတွင် စစ်ဆေးခဲ့သူများ စုစုပေါင်း (၁၃၆၁) ဦးကို  RDT  Test Kit  ဖြင့် စစ်ဆေးခြင်းနှင့် ပြည်သူ့ကျန်းမာရေး  ဓာတ်ခွဲမှုဆိုင်ရာဌာန စစ်ဆေးမှုအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၄၀) ဦး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူအများစုသည် မွန်ပြည်နယ်အတွင်း နေထိုင်သူများ ဖြစ်ကြကြောင်း ပြည်သူ့ ကျန်းမာရေးဌာနမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)