တိုက်ကြီး ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဂုံညှင်းတန်းကျေးရွာအုပ်စု ကျွန်းတောကုန်းဘုန်းကြီးကျောင်း၌ ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်မှူး ဦးဘသိန်း၊ ဥက္ကံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်တို့က အမှာစကားပြောကြား ခဲ့ပြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသက်မွေးကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသူ (၃၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၄၅ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)