မီးဘေးကာကွယ်တားဆီးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိသူများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

လှည်းကူး ဇန်နဝါရီ ၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးနယ်မြေအတွင်း မီးဘေးအန္တရာယ် တားဆီး ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးကာကွယ်တားဆီးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိ သူများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ဖောင်ကြီးအနောက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဖောင်ကြီးအနောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ကိုဗစ်-၁၉ ရောဂါ ကူးစက် ကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ ကျေးရွာမီးဘေးကာကွယ် တားဆီးရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက လှည်းကူးမြို့နယ် ဖောင်ကြီး နယ်မြေဒေသအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ကျရောက်နိုင်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကြိုတင် ကာကွယ်နိုင်စေ ရန် စသည်ဖြင့်လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးအမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာမီးဘေးကာကွယ် တားဆီးရေးကော်မတီ အတွင်းရေးမှူး ဦးလှမြင့် (အရန်မီးသတ် တပ်ခွဲမှူး)က ကျေးရွာမီးဘေး တားဆီးရေးကော်မတီဝင်တိုင်းသည် နာယကများ၏ လမ်းညွှန်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာမီးဘေးကာကွယ်ရေးအတွက် အစဉ်အမြဲ လုပ်ဆောင်ရ မည်ဖြစ်ကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိ လိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျေးရွာမီးဘေး ကာကွယ် တားဆီးရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရ သည်။

နိုင်လင်း(လှည်းကူး)