တိုက်ကြီး ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက် နတ်စဉ် (၃)လမ်းတွင် ယမန်နေ့ ည ၁၀နာရီ ၃၀ မိနစ်ခန့်က အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သတင်းရရှိသဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော် ဦးဆောင်သောအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက်(၂၁)နှစ်အရွယ်၊ နတ်စဉ်(၃)လမ်း၊ တိုက်ကြီးမြို့နယ် နေသူဖြစ်ပြီး ယမန်နေ့ ည ၇ နာရီ ခန့်က ခင်ပွန်းဖြစ်သူနှင့်အတူ နေအိမ်တွင် အရက်သောက်စားခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူမှာ ငှက်ထောင်ရန် ထွက်သွားခဲ့ပြီး ည ၁၀ နာရီခန့် နေအိမ်သို့ ပြန်လာချိန်တွင် ဇနီးဖြစ်သူ သေဆုံးနေသည်ကို တွေ့ရှိရသည့်အတွက် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးရန် တိုက်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)