ကမာရွတ် ဇန်နဝါရီ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ လိုအပ်သည့် နေရာများ တွင် အသုံးပြုနိုင်ရန်အတွက် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အလှူငွေ(၁၅၀၀၀၀)နှင့် မြို့နယ် အတွင်းရှိ Quarantine Center များတွင် ထားရှိသည့် Primary Contact များအတွက် အိပ်ယာခင်း (၁၀)စုံ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ ဦးနိုင် (အလှကုန်လက်ကားနှင့် လူသုံးကုန်အရောင်းဆိုင်) မှ လည်းအလှူငွေ(၁၀၀၀၀၀)တိတိနှင့် Mask နှင့် Hand Sanitizer များ၊ နောက်ထပ် အလှူရှင် မိသားစုမှလည်း Primary Contact များအတွက် သောက်ရေသန့်ဘူး(၂၀၀၀)ကတ်တို့ကို အမှတ် (၂) အခြေခံပညာမူလန်းကျောင်းသို့ ယနေ့ နေ့လယ်ပိုင်းက လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းမှုအား မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)